Interesting websites
Other sites
mata811 Martina
two2 kestutis
payannameh fahar Daneshmand
likepanerai hu
rakeshseo Rakesh
Top commentators
khaingthwin မနောမြေချစ်သူ
Comments: 1
Visitors
Calendar
<
May 2012
>
MTWTFSS
 123456
78910111213
14151617181920
21222324252627
28293031
Subscription
E-mail: 
Back to homeမျိုးအောင် / Blog / General / ဟာသလေးတွေပါ

ဟာသလေးတွေပါ

Posted byText

myoaung Send a message
မျိုးအောင်
ဟာသလေးတွေပါ
639 days ago 27.08.2010 19:16:18 Quote('4770225','4770225','5','25790')">Report spam

တစ်ပတ်ရိုက်သူ
စားသောက်ဆိုင်တစ်ဆိုင်သို့ အရပ်မြင့်မြင့် ဗလကောင်းကောင်းလူသန်ကြီးတစ်ယောက်ဝင်လာသည်။
ဒီဆိုင်ထဲမှာစမစ်ဆိုတဲ့ ကောင်ရှိလား ဘယ်သူမှအသံမထွက်ချေ။
ဟေ့ မေးနေတယ်လေ စမစ်ဆိုတဲ့ကောင်ရှိလားလို့
ထိုအချိန်တွင်ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် အကောင်သေးသေးပိန်ပိန်နှင့်လူ့ဖလံလေးတစ်ယောက်
ထွက်လာသည်  စမစ်ဆိုတာကျုပ်ပဲ ဘာကိစ္စလဲ လူသန်ကြီးကဘာမှမပြောပဲ
လူ့ဖလံလေးကို စိတ်ရှိလက်ရှိထိုးကြိတ်ပြီးထွက်သွားသည်။
လူ့ဖလံလေးဒယီးဒယိုင်ဖြင့်ထလာပြီးပြောသည်
ဟဲဟဲ ဟိုငနဲကိုကျုပ်တစ်ပတ်ရိုက်လိုက်တာပိုင်တယ်မလား ကျုပ်ကစမစ်မဟုတ်ဘူးဗျ


မမျှော်လင့်နဲ့
ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ဘာကိစ္စလဲ   သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ
ဪ ရှင်အရက်မသောက်တတ်ဘူးလား   မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်
ဆေးလိပ်တော့မသောက်ဘူးမလား  ဘယ်ကသာ သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်
ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်   ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို အိုအို လာထားပဲ
ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ
ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ


မဆော့နဲ့
မမရဲ့အင်းကျီကိုချွတ်လိုက်
မမရဲ့ စကပ်ကိုလဲချွတ်
မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်
နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့


သူခိုး
မိမိ၏မိန်းမဖောက်ပြန်နေသည်ဟု သံသယဝင်နေသောယောက်ျားသည်
ခရီးသွားမည်ဟုမိန်းမကိုပြောပြီး ညဘက်တိတ်တိတ်လေးပြန်လာပြီး
အခန်းထဲတွင်ပြောသည့်စကားများကို အခန်းအပြင်မှခိုးနားထောင်နေသည်။
တစောင်းလှဲလိုက်၊အင်း ဟိုဘက်နည်းနည်းရွှေ့၊ခြေထောက်ကိုအပေါ်ထောင်လိုက်
ဟုတ်ပြီ ရပြီ ရပြီ၊ကဲစဆွဲမယ်

ကြားရသောစကားများကိုသည်းမခံနိုင်တော့ရွေ့
အခန်းထဲသို့ဝင်လိုက်သည်
မိန်းမဖြစ်သူ တခေါခေါနှင့်အိပ်မောကျနေသည်
စန္ဒရားကြီးမရှိတော့ချေ။


မှန်ခွဲမိသူ
ထောင်သားအသစ်တစ်ယောက်ကို ထောင်သားအဟောင်းများကမေးကြသည်
မင်းဘယ်နှနစ်ကျတာလဲ၊ဘာအမှူလဲ  
အနှစ်နှစ်ဆယ်ပါ၊အမှူကတော့ ပြတင်းပေါက်မှန်ကိုခွဲမှူပါ
ဟာ  ပြတင်းပေါက်မှန်လေးခွဲမိတာ အဲ့လောက်ကျရလား
ကျွန်တော်ခွဲလိုက်တဲ့ ပြတင်းပေါက်မှန် ကရေငုပ်သင်္ဘောကပါ


သုတေသန
အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်
၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
ဂျပန်သုတေသီတို့ ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
ဂျပန်နိုင်ငံသည် လွန်ခဲ့သောနှစ်ငါးဆယ် ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ဘာမှမတွေ့၊ ၁၀ပေ ဘာမှမရှိ၊၁၅ပေ မတွေ့
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။



ဖေဖေ
မေမေ ဖေဖေကြီးကမကောင်းဘူးသိလား
ဘာဖြစ်လို့လဲသားရဲ့    သားဒီနေ့ကျောင်းသွားတော့ ဘတ်စ်ကားပေါ်မှာသားထိုင်နေတဲ့နေရာကို
အန်တီတစ်ယောက်ကိုပေးထိုင်လိုက်တယ်
   ဪ အဲဒါဘာဖြစ်လို့လဲ ကုသိုလ်တောင်ရပါတယ်သားရဲ့
ဟာ မေမေကဘာသိလို့လဲ သားကဖေဖေ့ပေါင်ပေါ်မှာ ထိုင်နေတာ



Comments: 0 Views: 531
Login Password
advanced... ( / Registration )

Subject

In the text you can use Wiki or HTML tags.



Who is active on the site?
Anonymous: 5, Registered: 0 (?)
Abuse | Hosted by MyLivePage | | © Kolobok smiles, Aiwan