Interesting websites
Other sites
mata811 Martina
two2 kestutis
payannameh fahar Daneshmand
likepanerai hu
rakeshseo Rakesh
Top commentators
khaingthwin မနောမြေချစ်သူ
Comments: 1
Visitors
Calendar
<
May 2012
>
MTWTFSS
 123456
78910111213
14151617181920
21222324252627
28293031
Subscription
E-mail: 
Back to homeမျိုးအောင် / Blog / General
General

For general entries

BrowseBrowse   Get RSS

Entries
 ဟာသလေးတွေပါ
Posted by:myoaung မျိုးအောင် 639 days ago 27.08.2010 19:16:18

တစ်ပတ်ရိုက်သူ
စားသောက်ဆိုင်တစ်ဆိုင်သို့ အရပ်မြင့်မြင့် ဗလကောင်းကောင်းလူသန်ကြီးတစ်ယောက်ဝင်လာသည်။
ဒီဆိုင်ထဲမှာစမစ်ဆိုတဲ့ ကောင်ရှိလား ဘယ်သူမှအသံမထွက်ချေ။
ဟေ့ မေးနေတယ်လေ စမစ်ဆိုတဲ့ကောင်ရှိလားလို့
ထိုအချိန်တွင်ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် အကောင်သေးသေးပိန်ပိန်နှင့်လူ့ဖလံလေးတစ်ယောက်
ထွက်လာသည်  စမစ်ဆိုတာကျုပ်ပဲ ဘာကိစ္စလဲ လူသန်ကြီးကဘာမှမပြောပဲ
လူ့ဖလံလေးကို စိတ်ရှိလက်ရှိထိုးကြိတ်ပြီးထွက်သွားသည်။
လူ့ဖလံလေးဒယီးဒယိုင်ဖြင့်ထလာပြီးပြောသည်
ဟဲဟဲ ဟိုငနဲကိုကျုပ်တစ်ပတ်ရိုက်လိုက်တာပိုင်တယ်မလား ကျုပ်ကစမစ်မဟုတ်ဘူးဗျ


မမျှော်လင့်နဲ့
ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ဘာကိစ္စလဲ   သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ
ဪ ရှင်အရက်မသောက်တတ်ဘူးလား   မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်
ဆေးလိပ်တော့မသောက်ဘူးမလား  ဘယ်ကသာ သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်
ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်   ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို အိုအို လာထားပဲ
ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ
ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ


မဆော့နဲ့
မမရဲ့အင်းကျီကိုချွတ်လိုက်
မမရဲ့ စကပ်ကိုလဲချွတ်
မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်
နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့


သူခိုး
မိမိ၏မိန်းမဖောက်ပြန်နေသည်ဟု သံသယဝင်နေသောယောက်ျားသည်
ခရီးသွားမည်ဟုမိန်းမကိုပြောပြီး ညဘက်တိတ်တိတ်လေးပြန်လာပြီး
အခန်းထဲတွင်ပြောသည့်စကားများကို အခန်းအပြင်မှခိုးနားထောင်နေသည်။
တစောင်းလှဲလိုက်၊အင်း ဟိုဘက်နည်းနည်းရွှေ့၊ခြေထောက်ကိုအပေါ်ထောင်လိုက်
ဟုတ်ပြီ ရပြီ ရပြီ၊ကဲစဆွဲမယ်

ကြားရသောစကားများကိုသည်းမခံနိုင်တော့ရွေ့
အခန်းထဲသို့ဝင်လိုက်သည်
မိန်းမဖြစ်သူ တခေါခေါနှင့်အိပ်မောကျနေသည်
စန္ဒရားကြီးမရှိတော့ချေ။


မှန်ခွဲမိသူ
ထောင်သားအသစ်တစ်ယောက်ကို ထောင်သားအဟောင်းများကမေးကြသည်
မင်းဘယ်နှနစ်ကျတာလဲ၊ဘာအမှူလဲ  
အနှစ်နှစ်ဆယ်ပါ၊အမှူကတော့ ပြတင်းပေါက်မှန်ကိုခွဲမှူပါ
ဟာ  ပြတင်းပေါက်မှန်လေးခွဲမိတာ အဲ့လောက်ကျရလား
ကျွန်တော်ခွဲလိုက်တဲ့ ပြတင်းပေါက်မှန် ကရေငုပ်သင်္ဘောကပါ


သုတေသန
အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်
၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
ဂျပန်သုတေသီတို့ ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
ဂျပန်နိုင်ငံသည် လွန်ခဲ့သောနှစ်ငါးဆယ် ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ဘာမှမတွေ့၊ ၁၀ပေ ဘာမှမရှိ၊၁၅ပေ မတွေ့
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။



ဖေဖေ
မေမေ ဖေဖေကြီးကမကောင်းဘူးသိလား
ဘာဖြစ်လို့လဲသားရဲ့    သားဒီနေ့ကျောင်းသွားတော့ ဘတ်စ်ကားပေါ်မှာသားထိုင်နေတဲ့နေရာကို
အန်တီတစ်ယောက်ကိုပေးထိုင်လိုက်တယ်
   ဪ အဲဒါဘာဖြစ်လို့လဲ ကုသိုလ်တောင်ရပါတယ်သားရဲ့
ဟာ မေမေကဘာသိလို့လဲ သားကဖေဖေ့ပေါင်ပေါ်မှာ ထိုင်နေတာ

Comments: 0   Views: 530   Group: General  

 “အံ့ဩစရာတွေကဒီမှာပါ”
Posted by:myoaung မျိုးအောင် 653 days ago 14.08.2010 01:58:09

(Read more)

Comments: 0   Views: 510   Group: General  

 Condom Faction
Posted by:myoaung မျိုးအောင် 653 days ago 14.08.2010 01:44:56

ကွန်ဒုံး တွေနဲ့ ဖက်ရှင် မယ်တို့ရဲ့ အလှ ကို ခံစားပြီး...ကွန်ဒုံး သုံးဖို့တော့ မမေ့နဲ့နော် သူငယ်ချင်းတို့

 






Comments: 0   Views: 693   Group: General  

 ကွန်ပြူတာ ဟက်ကာတစ်ဦး၏အမေးဖြေများ....
Posted by:myoaung မျိုးအောင် 950 days ago 21.10.2009 10:53:14

အမေးအဖြေ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာ

ပါလဲဟင်

ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်
ဘဲရှိပါတယ်

ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့
အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါ
ပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ


မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ေ
ဖြရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်


၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး
Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာ
တကျ ပြန်တတ်ပါ
၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု

မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလို
က်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပြါ
ဖုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။
UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်
ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်
ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window
ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်
ရမလဲ window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာ
မှာဆီနဲနဲ ထိုးပေးပါ ။

ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟု
တ်ဘူးလား

မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရော
က်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်း
ရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ
-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို
့ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်

Comments: 0   Views: 851   Group: General  

 GTC မှလူသတ်မှုအကြောင်း...
Posted by:myoaung မျိုးအောင် 950 days ago 21.10.2009 10:36:31

GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့


ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား
(Read more)

Comments: 0   Views: 555   Group: General  

 ဒါလည်းသိသင့်တယ်နော်...
Posted by:myoaung မျိုးအောင် 958 days ago 13.10.2009 17:05:47


မြန်မာလို ချစ်တယ်။
ဂျပန်လို aishiteru ။
အင်္ဂလိပ်လို I love you.
သင်္ချာလို ၁၅၀၀။
ပထ၀ီလို ရေမြေဆုံးတဲ့ အချစ်နဲ့
သမိုင်းလို မော်ကွန်းထိုးပြီး ချစ်ချင်လို့
Bio term အရ တို့ရဲ့heart နှစ်ခုဟာ
Chemistry term အရ reaction လုပ်နိုင်တယ်.......

Comments: 0   Views: 733   Group: General  

 အပျိုသိုးများအတွက်...
Posted by:myoaung မျိုးအောင် 958 days ago 12.10.2009 23:47:47

အရွယ်ပျိုမျစ်
ဆယ့်ခြောက်နှစ်
အချစ်မသိခဲ့
ချစ်ကံမပေါ်
နှစ်ဆယ်ကျော်
ကြင်ဖော်ဝေးပြီနော်
သုံးဆယ်ကျော်လာ
အသည်းဗလာနဲ့ဆို
မျှော်ကာတမ်းတ
Dicount ချကာ
ရရာဈေးနဲ
့ရောင်းတော့ကွယ်...

Comments: 0   Views: 751   Group: General  

 နမ်းတာမနမ်းတာ ခင်ဗျားတို့အပိုင်းပေါ့.......
Posted by:myoaung မျိုးအောင် 958 days ago 12.10.2009 23:10:28

> တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ
> သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး
> အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့.........ဒီလိုနဲ့မှောင်လဲသွားရော......မေမြို့မှာတင်
> ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့......တည်းခိုးခန်းသွားအိပ်တော့
> .........တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့
> သဘောတူလိုက်ကြသတဲ့.....မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစောအိပ်ယာ
> ၀င်လိုက်ကြသတဲ့......မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး
> ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀
> တောင်းသတဲ့..........မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို
> ခေါ်ရှင်းကြသတဲ့.........
> မန်နေဂျာက လည်းဟုတ်တယ် .....၁၂၀၀၀၀ဆိုတော့...ခတ်တော့တာပေါ့.........
> မန်နေဂျာက ဒီလိုရှင်းပြသတဲ့........
> ငါ့တို့တည်းခိုးခန်းမှာ........nightclub တွေ ကာ၇ာအိုကေတွေ........ဘားတွေ
> ........ရှိတယ်....
> အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် .....ဆိုတော့..
> မောင်ဘကလည်း........ ဆရာရယ် ကျွန်တော့တို့
> အိပ်ယာတန်းဝင်ကြတာပါ.....nightclub ကိုမသွားပါဘူး" ပေါ့..........
> မန်နေဂျာက .......သွားတာမသွားတာမင်းတို့တာဝန်ကွာ.........ငါ့တို့က
> အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ
> ...........လို့ပြောလိုက်သတဲ့........
> နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ..........ရေကူးတဲ့အတွက်ပေါ့..........လို့ပြောလိုက်တော့.
> မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
> ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့...........
> မင်းတို့ရေကူးတာမကူးတာ
> ငါ့တာဝန်မဟုတ်ဘူး........မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်
> အကုန်အကျတွေများတဲ့အတွက်.......အဲ့ဒီအတွက်ပါယူတယ်ကွာ....လို့မန်နေဂျာကပြေလိုက်သတဲ့.
> ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက်
> ဂြိုလ်တု ရေခဲသေတ်တာ
> တို့အတွက်ပေါ့........လို့မန်နေဂျာကရှင်းပြပြန်သတဲ့.........
> မောင်ဘကလည်း ..........ရေခဲသေတ်တာမပြောနဲ့
> ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့..........
> မန်နေဂျာကလည်း................သောက်တာမသောက်တာမင်းတို့တာဝန်ကွာ.......ငါတို့က
> အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀ ယူရမှာပဲလို့ရှင်းပြသတဲ့........
> မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့...........ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀
> ကျပ်ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့.......မန်နေဂျာကပိုက်ဆံကို
> ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့........
> မောင်ဘကလည်း " ကျွန်တော့်မိန်းမကို ခင်ဗျားနမ်းခက ....၉၀၀၀၀
> ကျတယ်....ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ " လို့ပြောလိုက်တော့
> .မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့......" ခင်ဗျားမိန်းမကို
> နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး" ပေါ့.
> .........မောင်ဘကလည်း " နမ်းတာမနမ်းတာ
> ခင်ဗျားတာဝန်ပါ.......ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ"
> လို့ပြောလိုက်သတဲ့.............

Comments: 0   Views: 606   Group: General  

 IT သမားဘ၀.....
Posted by:myoaung မျိုးအောင် 959 days ago 12.10.2009 12:39:12

အော် IT သမားဘ၀က
တော်တော်ဆိုးပါလားကွယ်
တယုတယ ကြည့်စရာဆိုလို့ Monitor နဲ့
ကြင်ကြင် နာနာ ဆက်ဆံစရာ ဆိုလို့ Keyboard ရယ်
လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ Mouse ရယ်
ဒေါသထွက်ရင်ကန်စရာဆိုလို့ System Unit ရယ်
ကြူစရာဆိုလို့ G talk က Bots တွေပဲရှိတော့တယ်....

Comments: 0   Views: 690   Group: General  

 မေတ္တာပွားနည်း
Posted by:myoaung မျိုးအောင် 959 days ago 12.10.2009 12:17:43

*ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......

မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိုင်စေ...။

ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....

ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....။*

  • “ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ.....*


“ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။

“chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ....

“ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။*

  • “ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ...

စပ်မိစပ်ရာ ဗလချာ ....ရေးနိုင်ကြပါစေ....။

“ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ.....

“ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ...ရှောင်နိုင်ကြပါစေ...။*

  • ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ....

ကိုယ့်ထက်သာသူ...ကိုယ့်အောက်လူ ကူညီနိုင်ပါစေ...။*

  • ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း... (အာ...ရောကုန်ပီ sorry) ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ....။

မေတ္တာရေချမ်းကိုယ်စီဖြန်း..... အရမ်းလန်းပါစေ...။*
(Read more)

Comments: 0   Views: 768   Group: General  

 အဝေးကချစ်သူ
Posted by:myoaung မျိုးအောင် 959 days ago 12.10.2009 00:35:15

အနေဝေးလည်း.......
အတွေးတိုင်းရှိ.......
အကြည့်တိုင်းမြင်.......
အစဉ်ပဲလွမ်း.......
တမ်းတခဲ့ရင်.......
(...........) သိမှာလား.......!

Comments: 0   Views: 928   Group: General  

Who is active on the site?
Anonymous: 3, Registered: 0 (?)
Abuse | Hosted by MyLivePage | | © Kolobok smiles, Aiwan